Thursday, February 25, 2016

Lashio University ဘာသာရပ် ပေါင်းစုံ အမျိုးသား အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ

၂၀၁၅ -၂၀၁၆ ပညာသင်နှစ် လားရှိုးတက္ကသိုလ် ဘာသာရပ် ပေါင်းစုံ အမျိုးသား အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယနေ့ (၂၅-၂-၂၀၁၆) နေ့က လားရှိုးတက္ကသိုလ် မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းပြိုင်ပွဲတွင် ဘာသာရပ်အသင်း ကိုးသင်း ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား သုံးယောက်တွဲ ပွဲတွင် ဓါတုဗေဒအသင်းမှ လည်းကောင်း၊ အမျိုးသား နှစ်ယောက်တွဲ ပွဲတွင် ရုက္ခဗေဒအသင်းမှ လည်းကောင်း၊ အမျိုးသမီး သုံးယောက်တွဲ ပွဲတွင် ဓါတုဗေဒအသင်းမှ လည်းကောင်း အသီးသီး ဆွတ်ခူးခဲ့ကြပြီး တံခွန်စိုက် ဆုဖလားအား ဓါတုဗေဒအသင်းမှ ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရပါသည်။







No comments:

Post a Comment