Thursday, February 25, 2016

Lashio University ဘာသာရပ် ပေါင်းစုံ အမျိုးသား အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ

၂၀၁၅ -၂၀၁၆ ပညာသင်နှစ် လားရှိုးတက္ကသိုလ် ဘာသာရပ် ပေါင်းစုံ အမျိုးသား အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယနေ့ (၂၅-၂-၂၀၁၆) နေ့က လားရှိုးတက္ကသိုလ် မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းပြိုင်ပွဲတွင် ဘာသာရပ်အသင်း ကိုးသင်း ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား သုံးယောက်တွဲ ပွဲတွင် ဓါတုဗေဒအသင်းမှ လည်းကောင်း၊ အမျိုးသား နှစ်ယောက်တွဲ ပွဲတွင် ရုက္ခဗေဒအသင်းမှ လည်းကောင်း၊ အမျိုးသမီး သုံးယောက်တွဲ ပွဲတွင် ဓါတုဗေဒအသင်းမှ လည်းကောင်း အသီးသီး ဆွတ်ခူးခဲ့ကြပြီး တံခွန်စိုက် ဆုဖလားအား ဓါတုဗေဒအသင်းမှ ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရပါသည်။

Tuesday, February 23, 2016

Lashio University ကျောင်းသားကျောင်းသူများ၏ စုပေါင်းသွေးလှူဒါန်းပွဲ

လားရှိုးတက္ကသိုလ် ကြက်ခြေနီအသင်း၏ ဦးဆောင်မှုဖြင့် လားရှိုးတက္ကသိုလ်  ဘာသာရပ် ပေါင်းစုံမှ ကျောင်းသားကျောင်းသူများ (၂၃-၂-၂၀၁၆) နေ့က လားရှိုးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်သွေးလှူဒါန်းခဲ့ကြပါသည်။  လားရှိုးတက္ကသိုလ် မှ ဆေးရုံကြီးသို့ အသွားအပြန်အတွက် ရွှေလားရှိုးမော်တော်ယာဉ်လိုင်းမှ မေတ္တာဖြင့် ကူညီခဲ့ပါသည်။ 




Sunday, February 14, 2016

(၁၃-၂-၂၀၁၆) လားရှိုးတက္ကသိုလ် (Lashio University) မှ နမ့်ဆန် မီးဘေးသင့် ပြည်သူများအတွက် အလှူငွေ သုံးဆယ့်နှစ်သိန်းငါးသောင်း နမ့်ဆန်မြို့သို့ သွားရောက် ပေးအပ် လှူဒါန်း

 (၁၃-၂-၂၀၁၆)နေ့ က လားရှိုး တက္ကသိုလ်(Lashio University)  မှ နမ့်ဆန် မီးဘေးသင့် ပြည်သူများ အတွက် အလှူငွေ သုံးဆယ့်နှစ်သိန်းငါးသောင်း  ကို ဆရာဦးမောင်မောင်စိန် ဦးဆောင်သည့် လားရှိုးတက္ကသိုလ် ဆရာများနှင့်  ကျောင်းသားအဖွဲ့အစည်းမှ ကိုယ်စားလှယ်များက နမ့်ဆန်မြို့သို့ သွားရောက် လှူဒါန်းကြသည့်မြင်ကွင်း....။ 


Thursday, February 11, 2016

(၁၁-၂-၂၀၁၆) လားရှိုးတက္ကသိုလ်(Lashio University) မှ နမ့်ဆန် မီးဘေးသင့် ပြည်သူများအတွက် အလှူငွေ သုံးဆယ့်နှစ်သိန်းငါးသောင်း ပေးအပ် လှူဒါန်း

 (၁၁-၂-၂၀၁၆)နေ့က လားရှိုးတက္ကသိုလ်(Lashio University)  မှ နမ့်ဆန် မီးဘေးသင့် ပြည်သူများအတွက် အလှူငွေ သုံးဆယ့်နှစ်သိန်းငါးသောင်း  ပေးအပ် လှူဒါန်းခဲ့ပါတယ်။ ယင်းလှူဒါန်းငွေကို ဆရာဆရာ ဦးမောင်မောင်စိန် ဦးဆောင်သည့် လားရှိုးတက္ကသိုလ် ကျောင်းသားအဖွဲ့အစည်းမှ ကိုယ်စားလှယ်များက နမ့်ဆန်မြို့သို့ သွားရောက် လှူဒါန်းကြမည် ဖြစ်ကြောင်း....။

(၁၁-၂-၂၀၁၆) Lashio University ဓာတုဗေဒ မိသားစု မှ နမ့်ဆန် မီးဘေးသင့် ပြည်သူများအတွက် အလှူငွေ သုံးသိန်း ပေးအပ် လှူဒါန်း

၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ လားရှိုးတက္ကသိုလ် ဓာတုဗေဒ မိသားစု မှ နမ့်ဆန်မြို့မီးဘေးသင့်ပြည်သူများအတွက် ငွေကျပ်သုံးသိန်း လှူ ဒါန်းခဲ့ကြပါတယ်...။.

(၁၁-၂-၂၀၁၆) Lashio University သမိုင်း မိသားစု မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ထူးချွန်ဆုပေးပွဲ ပြုလုပ်နေသည့် မြင်ကွင်းများ



Tuesday, February 9, 2016

(၉-၂-၂၀၁၆) Lashio University ရူပဗေဒ မိသားစု မှ နမ့်ဆန် မီးဘေးသင့် ပြည်သူများအတွက် အလှူငွေ ပေးအပ် လှူဒါန်းမှု မြင်ကွင်း

၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ လားရှိုးတက္ကသိုလ် ရူပဗေဒမိသားစု၏ မောင်မယ်သစ်လွင်ကြိုဆိုနှင့် ထူးချွန်ဆုပေးပွဲအခမ်းအနားတွင် ရူပဗေဒမိသားစုမှ နမ့်ဆန်မြို့မီးဘေးသင့်ပြည်သူများအတွက် ငွေကျပ်သုံးသိန်းခွဲ လှူ ဒါန်းခဲ့ကြပါတယ်...။.

(၉-၂-၂၀၁၆) Lashio University ရူပဗေဒ မိသားစု မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ထူးချွန်ဆုပေးပွဲ ပြုလုပ်နေသည့် မြင်ကွင်းများ


Lashio University အဝေးသင် စတုတ္ထ နစ် အင်္ဂလိပ်စာ အောင်စာရင်း


Lashio University အဝေးသင် တတိယ နစ် အင်္ဂလိပ်စာ အောင်စာရင်း


Lashio University အဝေးသင် ဒုတိယ နစ် ပထ၀ီဝင် အောင်စာရင်း


Lashio University အဝေးသင် ဒုတိယ နစ် အင်္ဂလိပ်စာ အောင်စာရင်း


Lashio University အဝေးသင် ပထမ နစ် အင်္ဂလိပ်စာ အောင်စာရင်း


Lashio University အဝေးသင် ပထမ နစ် စိတ်ပညာ အောင်စာရင်း