၂၀၁၆ခုနှစ် ဟိုပန်မြို့နယ်အခြေခံစာတတ်မြောက်ရေး လုပ်ငန်းအတွက် လားရှိုးတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အဖွဲ့ ယနေ့စတင် ထွက်ခွာပါပြီ။ ကာလအားဖြင့်၁-၄-၂၀၁၆ မှ ၁၅-၅-၂၀၁၆ အထိဖြစ်ပါတယ်။
တက္ကသိုလ် ကျောင်းသား ၊ကျောင်းသူများ၊ ဆရာ ဆရာမများ ၏ လက်တွေ့လုပ်ကိုင်နိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးခြင်း အားဖြင့် တက္ကသိုလ်များမှတဆင့် အခြေခံပညာရှိ ကျောင်းသား ကျောင်းသူများ ဆရာ၊ဆရာမများ၏ သိပ္ပံနှင့်ပတ်သက်သော လက်တွေ့ လုပ်ဆောင်မှုများ ဆိုင်ရာ အတွေးအခေါ် ကြံဆမှုများ၊ လုပ်ကိုင်ပုံလုပ်ကိုင်နည်းများကို မြှင့်တင် အထောက်အကူပေးနိုင်ရေး နည်းလမ်းများကို ရှာဖွေခြင်း ဆွေးနွေးအကြံပြုခြင်းများကို လားရှိုးတက္ကသိုလ်၊မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မိထ္ထီလာတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်တို့မှ ရူပဗေဒ ပါမောက္ခဆရာ၊ဆရာမများ လားရှိုးတက္ကသိုလ်မှ သိပ္ပံဌာနမှူးများနှင့် ဂျပန်နိုင်ငံ Gifu တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ Nakazawa တို့ တက်ရောက်ဆွေးနွေးခြင်း အကြံပြုချက်များပေးခြင်း တို့ကို (၆-၃-၂၀၁၆) နံနက် (၉း၃၀) က လားရှိုးတက္ကသိုလ် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြပါသည်။ ဂျပန်နိုင်ငံ တက္ကသိုလ်များ၊ အဖွဲ့အစည်းများမှ မြန်မာနိုင်ငံရှိ တက္ကသိုလ်များ ရှိ သိပ္ပံဌာနများ၏ လက်တွေ့ ဓါတ်ခွဲခန်းများကို မည်သို့မည်ပုံ ပါဝင် ပံ့ပိုးပေးနိုင်မည် ဆိုသည်များကို ဆွေးနွေး ညှိနှိုင်း ကြကြောင်း သိရှိရပါသည်။
၂၀၁၅ -၂၀၁၆ ပညာသင်နှစ် လားရှိုးတက္ကသိုလ် ဘာသာရပ် ပေါင်းစုံ အမျိုးသား အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယနေ့ (၂၅-၂-၂၀၁၆) နေ့က လားရှိုးတက္ကသိုလ် မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းပြိုင်ပွဲတွင် ဘာသာရပ်အသင်း ကိုးသင်း ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား သုံးယောက်တွဲ ပွဲတွင် ဓါတုဗေဒအသင်းမှ လည်းကောင်း၊ အမျိုးသား နှစ်ယောက်တွဲ ပွဲတွင် ရုက္ခဗေဒအသင်းမှ လည်းကောင်း၊ အမျိုးသမီး သုံးယောက်တွဲ ပွဲတွင် ဓါတုဗေဒအသင်းမှ လည်းကောင်း အသီးသီး ဆွတ်ခူးခဲ့ကြပြီး တံခွန်စိုက် ဆုဖလားအား ဓါတုဗေဒအသင်းမှ ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရပါသည်။